Podcasts for Developers

Podcast နားထောင်ရတာဟာ သွားရင်လာရင်း ဖြစ်ဖြစ် ၊ အိပ်ခါနီးဖြစ်ဖြစ်လုပ်လို့ရတာဖြစ်တဲ့အတွက် အချိန်သိပ်မကုန်ပဲ ထိရောက်တဲ့ learning ပုံစံတစ်မျိုးဖြစ်ပါတယ်။ Developer တွေအတွက်လည်း Podcast နားထောင်တဲ့အခါမှာ industry ရဲ့ insight တွေကိုမြင်စေနိုင်တဲ့အပြင် ၊ တချို့ episode တွေမှာလာတဲ့ အကြောင်းအရာတွေဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပြီးတော့ တချို့guest တွေရဲ့ ပြောဆိုပုံကနေ သူတို့ရဲ့ passion နဲ့ capability ကို မှန်းမြင်နိုင်တဲ့အတွက် coding လေ့လာတဲ့နေရာမှာ motivate ပိုပြီးဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ Coding လေ့လာတဲ့နေရာမှာ တွေ့ရတဲ့ပြဿနာတစ်ခုက motivation လမ်းခုလတ်မှာပျောက်ဆုံးတာဖြစ်ပြီး သိတဲ့ tech stack နဲ့ပဲ လှေနံဓားထစ်ချည်း ဆက်သွားနေတာမျိုးတွေဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် ကျနော် ရံဖန်ရံခါနားထောင်လေ့ရှိတဲ့ထဲက ကောင်းမယ်ထင်တဲ့ Podcast တွေကို list လုပ်လိုက်ပါတယ်။

1. JavaScript Jabber

ဒီ podcast ကတော့ ကျနော့်ရဲ့ favorite ဖြစ်ပါတယ်။ JavaScript ကို center ထားပြီးတော့ ဆွေးနွေးလေ့ရှိကြပြီးတော့ တခြား tech အကြောင်းတွေ ၊ skillset အကြောင်းတွေ စတဲ့ အကြောင်းအရာမျိုးစုံပါဝင်ပါတယ်။ Talk ပြီးခါနီးတိုင်းမှာလည်း သူတို့လက်ရှိကြိုက်နေတဲ့ စာအုပ်တွေ ၊ tool တွေအကြောင်းပြောလေ့ရှိပါတယ်။ ကျနော်အကြိုက်ဆုံး episode တွေကတော့

Episode 168 - The future of JavaScript with Jafar Husain TC39 member တစ်ဉီးဖြစ်တဲ့ Netflix က Jarfar Husain ကြီးလာသွားတဲ့အပိုင်းဖြစ်ပြီး ဒီအပိုင်းမှာ JavaScript ရဲ့အကြောင်းကို ပိုပြီးမြင်လာနိုင်တယ်လို့ထင်ပါတယ်။ Jafar Husain ရဲ့ skill အကြမ်းကြီးတွေကို သူ့ရဲ့ပြောဆိုပုံကနေ အထင်းသားမြင်နိုင်တာမို့ လုံးဝနားထောင်သင့်တဲ့ episode တစ်ခုဖြစ်ပါတယ်။

Episode 392 - The Murky Past and Misty Future of JavaScript with Douglas Crockford JSON ကို invent လုပ်ခဲ့ပြီး JavaScript ရဲ့ principle တွေနဲ့ နာမည်ကြီးတဲ့ Douglas Crockford လာသွားတဲ့အပိုင်းဖြစ်ပြီး သူ့ရဲ့ Misty Language အကြောင်းနဲ့ JavaScript အကြောင်းတွေကို ဆွေးနွေးသွားတာဖြစ်ပါတယ်။

Links

Spotify https://open.spotify.com/show/6xpiit8aJmwDHk1rKdxmri?si=N6EChCYBQ5O1rKdX4j-geQ

Dev.to https://dev.to/jsjabber

2. Syntax

ဒီ podcast ကလည်း ခုနကပုံစံမျိုးပါပဲ ၊ အကြောင်းအရာအစုံအလင်နဲ့ တော်တော်လေးကောင်းပါတယ်။ ကျနော်အခုလို blog တွေရေးတဲ့အကျင့်ရအောင် motivation နဲ့ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ချဥ်းကပ်ရမလဲဆိုတာတွေက ဒီ podcast ကနေ လေ့လာခဲ့တာဖြစ်ပြီး အများကြီး အထောက်အကူဖြစ်ခဲ့ပါတယ်။

Links

Website https://syntax.fm/

Spotify https://open.spotify.com/show/4kYCRYJ3yK5DQbP5tbfZby?si=YUG438muQmWbNE6rhr2Q8g

Dev.to https://dev.to/syntax

3. iteration

iteration ကကျတော့ အရင်တုန်းက စာအုပ်တွေ (ဥပမာ - The Pragmatic Programmer) ကနေ ကောက်နုတ်ပြီး အဲဒီ့ကောက်နုတ်ချက်တွေကိုမှ အကျယ်တဝင့်ဆွေနွေးတဲ့ပုံစံမျိုးနဲ့သွားပါတယ်။

Links

Spotify https://open.spotify.com/show/4yw0xZLBNlgtibNITY99K1?si=7h8mMwubSJi37_NRPv8S5A

4. command line heros

ဒီ podcast ကတော့ Computer Software နဲ့ Hardware Industry ရဲ့ history အကြောင်းတွေကို story ပုံစံနဲ့ပြောတာများပါတယ်။ ပုံပြင်ဖတ်ပြနေသလိုပဲဖြစ်တဲ့အတွက် တော်တော်လေး fun ဖြစ်ပါတယ်။ Red Hat က host လုပ်တဲ့ podcast ဖြစ်ပါတယ်။

Links

Website https://www.redhat.com/en/command-line-heroes

Spotify https://open.spotify.com/show/4Jgtgr4mHXNDyLldHkfEMz?si=OQXQnPAZThWziAmQET9QgA

5. freeCodeCamp

freeCodeCamp ကိုတော့ တော်တော်များများသိမှာပါ။ သူ့ရဲ့ Podcast ကတော့ Developer Story တွေကို focus လုပ်ပါတယ်။ ဥပမာ - လမ်းပေါ်မှာ မုန့်ရောင်းတာကနေ Apple လိုမျိုး Company တွေမှာ Software Developer တစ်ယောက်ဖြစ်လာအောင် ဘယ်လို transition လုပ်ခဲ့လဲဆိုတဲ့ inspiring story တွေဖြစ်ပါတယ်။ Carrier transition တွေ ၊ Freelance ဘယ်လိုလုပ်မလဲ ဆိုတာမျိုးတွေဟာလည်း တော်တော်လည်း စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် follow လုပ်ထားသင့်တဲ့ Podcast တစ်ခုဖြစ်ပါတယ်။

Links

Website https://freecodecamp.libsyn.com/

Spotify https://open.spotify.com/show/7CpuEnbCLIXwI6LEcbBOYP?si=AVbIfy1QRsenjLaMIJKpSA