အလုပ်တွေများနေတာနဲ့ ကျနော်လည်း စာမရေးဖြစ်တာတောင် ကြာသွားပြီ။ Stay-Home က Mentally အရတော့ သိပ်အဆင်မပြေလှဘူး။ 😅
အခုက Covid-19 Pandemic ကြောင့် ကျောင်းပြီးခါစလူငယ်တွေ တော်တော်လေး အခက်တွေ့ရမှာပါ။ ဒါပေမယ့် Opportunity တွေကတော့ ရှိပါတယ်။ အဓိက က ကိုယ် Experience မရှိခင်မှာ သူများတွေထက်စာရင် ကိုယ့်ကို Notice ဖြစ်ဖို့ပါ။ Recruiter တွေ သတိပြုမိဖို့အတွက်ကတော့ ကိုယ့်ရဲ့ အချက်အလက်တင်ပြပုံပေါ်မှာ အများကြီး သက်ဆိုင်ပါတယ်။ Coding Test တွေမလာခင်မှာ အရင်ဆုံးပေးရတာက Resume ဖြစ်တဲ့အတွက် ဒီအဆင့်မှာတင် တိတိပပပြနိုင်ဖို့လိုပါတယ်။
ဒါ့ကြောင့် ဒီတစ်ခေါက်မှာတော့ Technical အကြောင်းမပြောတော့ပဲ အရေးကြီးတဲ့ Topic ဖြစ်တဲ့ Resume ကောင်းကောင်းရေးနိုင်ဖို့ကို ကျနော့် အတွေ့အကြုံကို အခြေခံပြီး ပြောပြသွားပါမယ်။ ကျနော့်လက်ရှိ Resume Style ကို ပြသွားမှာဖြစ်ပြီး ဘယ်လို Organize လုပ်ထားလဲ ဆိုတာကိုပဲ ပြောပြသွားမှာပါ။ Career / Resume Expert မဟုတ်ပေမယ့် ကျနော်ကြုံဖူးသမျှ Recruiter တွေကတော့ "I like your Resume" ဆိုပြီး မှတ်ချက်ပေးတာမျိုးတွေ အမြဲလိုလိုရှိတာမို့ ဒီ Style က အလုပ်ဖြစ်နေတယ်လို့ ထင်ပါတယ်။
[Disclaimer: ကျနော့်အတွေ့အကြုံကို အခြေခံတာဖြစ်တဲ့အတွက် Silver Bullect အနေနဲ့တော့ မမှတ်ယူစေလိုပါဘူး။]
Résumé
CV (Curriculum Vitae) နဲ့ Resume ဟာ မတူပါဘူး။ ကျနော်သိသလောက်တော့ CV မှာက ရှိရှိသမျှ Information ထည့်တာမျိုးဖြစ်ပြီးတော့ Resume ကတော့ အရေးအကြီးဆုံးဟာတွေကိုပဲ ရွေးပြီးတော့ ပြတာမျိုးပါ။ ကျနော့်အတွေ့အကြုံအရကတော့ Tech အပိုင်းမှာ Resume က CV ထက် ပိုပြီးထိရောက်တယ်လို့ ထင်ပါတယ်။
Fundamental Rules
- Résumé က တစ်မျက်နှာပဲဖြစ်ရပါမယ်။ လူတိုင်းက စာမျက်နှာများရင် ဖတ်ရတာများတဲ့အတွက် မကြိုက်ပါဘူး။ ပြီးတော့ နောက်ကဟာတွေကိုလည်း အရေးကြီးတယ်လို့ မယူဆကြပါဘူး။
- ပြတဲ့ Information ဟာ ကျစ်လစ်ပြီးတော့ နားလည်လွယ်ပါစေ။ စာပိုဒ်တွေမရေးပါနဲ့။ List သဘောမျိုးရေးရပါမယ်။
- Color တွေ ၊ Template တွေ မသုံးပါနဲ့။ ဒါကတော့ ကျနော့် Personal အမြင်ပါ။ အကယ်၍ ကိုယ်က Designer မို့လို့ Design template တွေကြောင့် ပိုပြီးအလုပ်ဖြစ်မယ်ထင်ရင်လည်း ကောင်းပါတယ်။
- Font Color, Style, Font Weight, Line-height Consistent ဖြစ်ပါစေ။ ဒီအတွက်ကိုတော့ နောက်မှာ ဆက်ပြောပြသွားပါမယ်။
ဒါဆိုရင် ကျနော့် Resume Style ကို ကြည့်လိုက်ရအောင်။
image here
Content Organization
ကြည့်ကြည့်ရင် အဓိက Area ၅ ပိုင်း ရှိတာကို တွေ့မှာပါ။
- Name and Contact Info
- Education
- Projects / Thesis / Achievements Involved
- Job Experience
- Skill Set
1. Name and Contact Info
ဒီအပိုင်းမှာကတော့ ကိုယ့် Info ကို ရှင်းရှင်းလင်းလင်းပြဖို့ပါပဲ။ ဘာတွေထားသင့်လဲဆိုရင်
- ကိုယ့် Professional ဓာတ်ပုံ (မပါမဖြစ်မဟုတ်ပါဘူး။ တကယ်လို့ Experience တွေ Project တွေပြဖို့များများစားစား ရှိတယ်ဆိုရင်တော့ နေရာပိုလိုတာဖြစ်တဲ့အတွက် မထည့်တာကောင်းပါတယ်။)
- နာမည်
- Contact Info (အဓိကကတော့ ဖုန်းနံပါတ်နဲ့ ၊ Email ပါပဲ။ Email Address က Professional ဆန်ပါစေ။ အကယ်၍ ကိုယ်ပိုင် domain ရှိလို့ရှိရင် Zoho မှာ Email အတွက် Free လုပ်လို့ရပါတယ်။ နောက်ပြီး LinkedIn နဲ့ GitHub ကလည်း ပါရင်အကောင်းဆုံးပါ။ LinkedIn မှာက Profile URL ကိုပြင်လို့ရပါတယ်။ တိုတိုနဲ့ Expressive ဖြစ်တာထားပါ။)
ဒီလို Layout ပုံစံရဖို့က Table ကိုသုံးထားပြီးတော့ Border တွေကိုဖျောက်ထားတာပါ။
2. Education
ဒီအပိုင်းမှာတော့ ကိုယ့်ရဲ့ Background Education ကိုထားပါတယ်။ အကယ်၍ ကိုယ်က Self-taught Developer (သို့) Background က Computer Science နဲ့ မဆိုင်ဘူးဆိုရင်တော့ တခြား Professional Certificate တွေ ၊ တက်ဖူးတဲ့ Course တွေရဲ့ Certificate တွေ ဒါမျိုးတွေထားလို့ရပါတယ်။ ဒီအပိုင်းကလည်း မပါမဖြစ်မဟုတ်ပါဘူး။
ကျနော်ကတော့ ကိုယ်တက်ခဲ့တဲ့ ကျောင်းနဲ့ တက်ခဲ့တဲ့ကာလကို အပေါ်မှာ ထားပါတယ်။ အောက်မှာကျတော့ Bullet List နဲ့ Major, Minor Subject တွေနဲ့ သင်ရတဲ့ Coursework ကို အကျဥ်းချုံးရေးထားပါတယ်။
3. Projects Involved
ဒီအပိုင်းကတော့ မပါမဖြစ်ပါ။ ဒီနေရာက ကိုယ့်ရဲ့ တကယ်လုပ်နိုင်စွမ်းကို ပြဖို့နေရာဖြစ်ပါတယ်။ Job Experience မရှိသေးလည်း ဖြည့်လို့ရတဲ့နေရာဖြစ်တာမို့ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ Personal Project တွေ ၊ အကယ်၍ပြိုင်ပွဲတွေမှာ ပြိုင်လို့နိုင်ဖူးတယ်ဆိုရင် Achievement တွေ ၊ Thesis ရေးဖူးလို့ဆိုရင်လည်း Thesis ပေါ့ဗျာ။ ကျနော့် Format ကတော့
Title
- Description 1
- Description 2
- Utilized: Tech
Description တွေက တိုတိုနဲ့ လုပ်ခဲ့တာကို ပေါ်လွင်စေဖို့လိုပါတယ်။ Description 1 က Project အကြောင်းဖြစ်ပြီးတော့ Description 2 က ဘယ်လိုလုပ်ထားလဲဆိုတာကို ပြောပါတယ်။ များသောအားဖြင့်တော့ Developed, Implemented, Created, Built စတဲ့ keyword တွေနဲ့ စပြီးရေးသင့်ပါတယ်။ [အောက်က Article မှာလည်း ကျနော်ပြောသလို ရေးထားတာတွေ့မှာပါ။ သူ့မှာ Keyword တွေကို List လုပ်ထားတာရှိပါတယ်။]
Utilized: ဆိုတာကတော့ ဒီ Project မှာ ကိုယ်သုံးခဲ့တဲ့ Programming Language, Library, တခြား Hardware ဆိုလည်း Hardware ၊ ဒါမျိုးတွေကို ပြောတာပါ။ နောက်တစ်ခုက ဒီမှာပြတဲ့ Project တွေက ခပ်သေးသေးမဖြစ်သင့်ပါဘူး။ နည်းနည်း Technically အရ ကြည့်ကောင်းဖို့လိုပါတယ်။ ပြီးတော့ Web Project တွေဆိုရင် Publicly Access လို့ရအောင်လုပ်ထားတာ ပိုကောင်းပါတယ်။ Web မဟုတ်ရင်လည်း GitHub Repo Link တို့ထည့်ပေးထားသင့်ပါတယ်။ ဒါမှ Proof of Workdone ဖြစ်တဲ့အတွက် ပိုပြီး Impression တက်တာပေါ့။ တခါတလေမှာ ကိုယ်လျှောက်တဲ့ Company ကိုကြည့်ပြီး ဘယ် Project ကို ပြသင့်လဲ ၊ ဘယ်လို Order စီသင့်လဲဆိုတာ ဆုံးဖြတ်ရပါတယ်။ ဥပမာ - Company က E-commerce ဆိုရင် Shopping Cart Design တို့ စတဲ့ E-commerce နဲ့ဆိုင်တဲ့ဟာမျိုးတွေပေါ့။
4. Job Experience
ဒီမှာတော့ Job Experience တွေကို ပြောရပါတယ်။ Internship ဆိုလည်း Internship ပေါ့ဗျာ။ Format ကတော့ အပေါ်က Education နဲ့ Projects Involved အပိုင်းနှစ်ခုကို ပေါင်းထားတာပါ။ အရင်ဆုံးကိုယ်လုပ်ခဲ့တဲ့ Role ၊ ပြီးရင် Company နာမည် နဲ့ လုပ်ခဲ့တဲ့ကာလကို အပေါ်မှာထားပါတယ်။ ပြီးရင်အောက်မှာတော့ Projects တွေတုန်းကလိုပဲ Description နဲ့ Utilized Tech ကိုရေးပါတယ်။ ဒီအပိုင်းရဲ့ Description ကတော့ Project တုန်းက Format နဲ့ မတူပါဘူး။ ဒီမှာကျတော့ လုပ်ခဲ့တာကို ပြောတာအပြင် ကိုယ်ရဲ့ Workdone ဘယ်လောက်ရှိလဲ ဆိုတာကိုပါ ဖော်ပြဖို့လိုပါတယ်။ ဥပမာ -
- Handled Chat Service Part of the Platform
လို့ရေးတာထက်
- Developed and maintained core messaging services that can serve millions of
messages between thousands of users across the platform
လို့ရေးတာက ပိုကောင်းပါတယ်။
ဒီ Description တွေက Expressive ဖြစ်ရမှာမှန်ပေမယ့် အရမ်းလည်းမရှည်သင့်ပါဘူး။
ကျောင်းပြီးခါစ လူငယ်တွေမှာတော့ ဒီလိုမျိုး Experience ပြစရာ များများရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အရှေ့က Project အပိုင်းမှာ များများစားစား သေသေချာချာပြဖို့ လိုပါတယ်။
5. Skill Set
ဒီအပိုင်းကလည်း မပါမဖြစ်ပါပဲ။ တစ်ခုရှိတာက ကိုယ့်ရဲ့ Skill Set ကို ကိုယ်တိုင်နားလည်ဖို့လိုပါတယ်။ ဒါမှ ကိုယ်ကျွမ်းကျင်တာနဲ့ (Proficient) ၊ ရင်းနှီးတာ (Familiar) ဖြစ်တာဆိုပြီး နှစ်ပိုင်းခွဲလို့ ရမှာပါ။
- Proficient ဖြစ်တာတွေမှာ ကိုယ်အမြဲတမ်းသုံးနေတဲ့ Programming Language နဲ့ Library တွေကို ရေးလို့ရပါတယ်။ ပြောရရင် ကိုယ့်ရဲ့ Development Stack ပေါ့။
- Familiar မှာကျတော့ ရံဖန်ရံခါသုံးရတဲ့ဟာတွေ ၊ Personal Project မှာ သုံးဖူးတဲ့ဟာတွေ ၊ လေ့လာနေဆဲ Tech တွေရေးလို့ရပါတယ်။
သတိပြုရမှာက Skill Set က အများကြီးဖြစ်ဖို့မလိုပါဘူး။ (အရမ်းများနေပြီဆိုသေချာတယ် - Fake နေတာပါ xD)။ ကိုယ်တကယ် သိတဲ့ ၊ တတ်တဲ့ ၊ နားလည်တဲ့ Stack ကိုပဲရေးပါ။
Typography and Alignment
Font Family
ကျနော်ကတော့ Flashy ဖြစ်တာတွေမကြိုက်တဲ့အတွက် Arial ကိုပဲ သုံးဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ Font ကိုသုံးလို့ရပါတယ်။ နည်းနည်း Formal ကျဖို့ပဲလိုပါတယ်။
Font Size
နေရာလိုက်ပြီး နည်းနည်းကွဲပါတယ်။
- Name ကတော့ Heading 1 (Arial 21)
- Education တို့ Job Experience တို့လို့ Section နာမည်တွေကျတော့ Heading 4 (Arial 11)
- University, Project Title, Job Title တို့ကျတော့ Normal Text ကိုမှ Arial 11
- ကျန်တာတွေကတော့ Arial 10 ပါ။
Font Color
ဒါကတော့ ကိုယ့်ရဲ့ Preference အပေါ်မှာမူတည်ပါတယ်။ ကျနော်ကတော့ Black နဲ့ Dark Grey 3 ကိုပဲ သုံးထားပါတယ်။ ဒီ Color Set က Formal ကျပြီး Professional ပိုဆန်စေတယ်လို့မြင်ပါတယ်။ တခြား Color တွေသုံးတာကိုတော့ ကျနော်အားမပေးပါဘူး။
University, Project Title, Job Title, Date Period တွေမှာပဲ Dark Grey 3 ကို သုံးထားပြီးတော့ ကျန်တာတွေကတော့ ရိုးရိုးပါပဲ။
Page Setup
A4 Size နဲ့ Portrait Orientation ဖြစ်ပါတယ်။ Margin ကတော့ ကိုယ့်ရဲ့ Content များမများပေါ်မူတည်ပါတယ်။ ဒါပေမယ့် အနည်းဆုံး 0.5 Inch ရှိသင့်ပြီး အများဆုံး 1 Inch ထားသင့်ပါတယ်။
Conclusion
ကျနော့်ရဲ့ Resume Style က တော်တော်များများနဲ့လည်း ဆင်တူပါတယ်။ ကျနော်လည်း ဘယ်က Article ကြောင့် ဒီလိုပုံစံ ဖြစ်သွားလဲဆိုတာ သေချာမမှတ်မိတော့ပါဘူး။ အားလုံးအတွက် ဒီ Article ကနေ တစ်ခုခုအထောက်အကူ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ အောက်မှာ ကျနော် Template အနေနဲ့ သုံးနိုင်ဖို့ Google Docs Link ပေးထားပါတယ်။
Happy Job Hunting Everyone and Best of Luck!
Edit: အောက်က Article မှာပြသွားတာကနေ ကျနော်လုပ်ထားတာ ထင်ပါတယ်။