programming
Go Back

Showing 6 Results for:

State Management in React

ဒီဆောင်းပါးမှာတော့ ကျနော်တို့ React app တစ်ခုမှာ State management ကို ဖြေရှင်းပေးတဲ့ Solution တချို့ကို ချဥ်းကပ်ကြည့်ကြပါမယ်။

5. React Core Concepts

ဒီတစ်ခေါက်မှာတော့ React ကိုလေ့လာတဲ့အခါမှာ ကြုံလာရမယ့် Term တချို့နဲ့ သူတို့ဘာကိုဆိုလိုသလဲဆိုတာရယ် ၊ နောက်ပြီး သိထားသင့်တဲ့

4. Setting Up a React Project

ဒီတစ်ခေါက်မှာတော့ တကယ့် React Project တစ်ခုကို ဘယ်လို initiate လုပ်မလဲဆိုတာကိုပြောပြသွားမှာ ဖြစ်ပါတယ်။ Setup လုပ်ဖို့ကတော့ အဓိကအားဖြင့်တော့ နှစ်မျိုးရှိပါတယ်။ create-react-app လို့ခေါ်တဲ့ tool ကိုပဲသုံးပြီး project ဆောက်မလား ၊ ကိုယ်ကိုယ်တိုင်ပဲ လိုအပ်သလို configuration တွေနဲ့ project setup လုပ်မလားပေါ့။ ပုံမှန်အားဖြင့်တော့ create-react-app နဲ့ လုပ်တာပိုကောင်းပါတယ်။ ဒါပေမယ့် နည်းနည်း experience ရှိလာရင်တော့ ကိုယ်တိုင် တည်ဆောက်ကြည့်သင့်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့အတွက် ကျနော် setup လုပ်တဲ့ ပုံစံတစ်မျိုးကိုလည်း step-by-step လုပ်ပြသွားမှာဖြစ်ပါတယ်။

3. Getting Started

JavaScript Fundamentals တွေကိုလည်း သိပြီဆိုရင်တော့ ကျနော်တို့ React ကိုစပြီး လေ့လာလို့ရပါပြီ။ React ရဲ့ JSX ဘက်ကိုမလှည့်ခင်မှာ အရင်ဆုံးအနေနဲ့ ကျနော်တို့ Pure React ကိုပဲလေ့လာကြရအောင်။ ဘာလို့လဲဆိုတော့ ကျနော် React ကိုစလေ့လာတုန်းက JSX ကြီးကိုမြင်ရတာ တမျိုးကြီးဖြစ်နေခဲ့ပါတယ်။ ဘာလို့ HTML ကို JavaScript ထဲထည့်ရေးရမှာလဲ ၊ ဘာလို့ နောက်ထပ် Transpile လုပ်ပေးဖို့လိုတဲ့ extra language ကြီးလိုတာလဲပေါ့။ အမှန်တကယ်တော့ React App တစ်ခုဖြစ်ဖို့အတွက် JSX မလိုပါဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက်ရဲ့ အဓိက point ကတော့ JSX ကဘာလို့ React ရဲ့ eco system အတွက် make sense ဖြစ်တာလဲ ၊ ပြီးတော့နောက်တစ်ခုက ဒီ JSX နဲ့ React က Magic တွေသုံးနေတာမဟုတ်ဘူး ၊ ပုံမှန် JavaScript ရဲ့ function call တဲ့ပုံစံတွေပဲဆိုတာကို အဓိကသိစေချင်တာဖြစ်ပါတယ်။

2. JS Things to Know Before React

React ကို စမလေ့လာခင်မှာ JavaScript နဲ့ပတ်သတ်ပြီး solid foundation ရှိဖို့တော့လိုပါတယ်။ ဒါဆို ဘာတွေကို အဓိက သိထားရမလဲပေါ့ ? အဲဒီအတွက် ကျနော် checklist လေးတစ်ခုလုပ်ထားပါတယ်။ အမှန်တကယ်တော့ ဘယ် JavaScript library / framework ကို လေ့လာလေ့လာ ဒီ checklist မှာပါတဲ့ topic တွေကတော့ သိထားသင့်တာတွေချည်းပဲဖြစ်ပါတယ်။

1. React Intro

React ဟာ လက်ရှိမှာ popular အဖြစ်ဆုံး ၊ အသုံးအများဆုံး JavaScript Frontend Library တစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းပြချက်တစ်ခုနဲ့တင် React ကိုလေ့လာသင့်ပြီလို့ဆိုရမယ်ဆိုရင် မမှားပါဘူး။ ဒါပေမယ့်လည်း ရေရှည်မှာ ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့တင် မလုံလောက်တော့ပါဘူး။ "ဘာ့ကြောင့်လဲ" ဆိုတဲ့မေးခွန်းဟာ လေ့လာသူတွေ တစ်စုံတစ်ခုကို လေ့လာတိုင်းမှာ အမြဲတစေမေးသင့်တဲ့ မေးခွန်းတစ်ခုပဲဖြစ်ပါတယ်။ JavaScript Library တွေဟာ အချိန်နဲ့အမျှ အသစ်သစ်တွေထွက်နေတာမို့ ကိုယ်လေ့လာနေတဲ့ Library ရဲ့ pros and cons တွေ ၊ unique value တွေ ၊ differences တွေ ၊ ဒီ library ရဲ့ နောက်က fundamental concept တွေ စတာတွေကို သိထားဖို့လိုအပ်ပါတယ်။